အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း(အမျိုးသား/ အမျိုးသမီး)ဘော်လီဘော ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

နေပြည်တော်၊ ဇွန် - ၂၃

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း(အမျိုးသား/ အမျိုးသမီး)ဘော်လီ ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ဇွန် ၂၂ ရက်မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ရွှေနတ်တောင်အားကစားကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင် နေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တိုင်းမှူးဒိုင်း(အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲတွင် အသင်းလိုက်ဆုရရှိကြ သူများ၊ တစ်ဦးချင်းဆုရရှိကြသူများနှင့် ဒိုင်းဆုရရှိသော အသင်း တို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ တိုင်းမှူးဒိုင်း(အမျိုးသား/ အမျိုးသမီး)ဘော်လီဘောပြိုင်ပွဲကို တိုင်း စစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသား အသင်း ၈ သင်းနှင့် အမျိုးသမီးအသင်း ၈ သင်းတို့ဖြင့် ဇွန် ၁၅ ရက်မှ ၂၂ ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။