အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ (၅၉)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ - ၁၆

 အရှေ့တောင်တိုင်း စစ်ဌာနချုပ်၏ (၅၉)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက် ကြသည်။

 ဦးစွာ တိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် သင်တန်းများ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများနှင့် ပြိုင်ပွဲအသီးသီးတွင် ဆုရရှိကြသူများ၊ ပညာရည်ထူးချွန်ဆုနှင့် အိမ်ထောင်သည်လိုင်း သန့်ရှင်းရေးဆု ရရှိသူများအား တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ပြီး ဗလာမပါကံစမ်းမဲများ ဖောက်ပေးခဲ့ကြောင်း သတင်းရရှိသည်။