အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားမိသားစုဝင် သား/သမီးများအတွက် နွေရာသီအခြေခံတိုက်ကွမ်ဒိုနှင့် စားပွဲတင်တင်းနစ်အားကစားသင်တန်းများ ဖွင့်လှစ်

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားမိသားစုဝင် သား/သမီးများအတွက် နွေရာသီအခြေခံတိုက်ကွမ်ဒိုနှင့် စားပွဲတင်တင်းနစ်အားကစားသင်တန်းများ ဖွင့်လှစ်

နေပြည်တော်၊ မတ် - ၃၀

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားမိသားစုဝင်များ၏ သား/သမီးများ အတွက် ဖွင့်လှစ်သည့် နွေရာသီအခြေခံတိုက်ကွမ်ဒိုနှင့် စားပွဲတင်တင်းနစ်အားကစား သင်တန်းဖွင့်ပွဲကို ယနေ့နေ့ လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ရှမ်းပြည်နယ်အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်း နည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ တိုက်ကွမ်ဒိုအားကစားသရုပ်ပြ အဖွဲ့များက သရုပ်ပြသကြရာ တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ က ကြည့်ရှုအားပေးကြပြီး တိုင်းမှူးက သရုပ်ပြအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ် သည်။
အဆိုပါ နွေရာသီအခြေခံတိုက်ကွမ် ဒိုနှင့် စားပွဲတင်တင်းနစ်အားကစား သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၁၅၃ ဦးဖြင့် အေပြီ ၁၂ ရက် အထိ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။