အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ နှင့် စာရေးကိရိယာများ ပေးအပ်

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ နှင့် စာရေးကိရိယာများ ပေးအပ်

 
နေပြည်တော်၊ ဇွန် - ၃

 
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် အရှေ့ ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယတိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားလျက်ရှိသည့် တိုင်းစစ်ဌာနချုပ်မှ အခြေခံပညာ မူလတန်း၊ အလယ်တန်း နှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူ ၁၅၈၁ ဦးအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများကို ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူ ကြသည်။
အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၌လည်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။