အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း ပြေး၊ ခုန်၊ ပစ်(အမျိုး သား၊ အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲပြုလုပ်
နေပြည်တော်၊ ဩဂုတ် - ၁၇
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း ပြေး၊ ခုန်၊ ပစ်(အမျိုး သား၊ အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာ နချုပ် ဘောလုံးကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ်များဖြစ်သည့် မီတာ ၁၀၀ (အမျိုးသား၊ အမျိုးသမီး) ပြိုင်ပွဲ၊ မီတာ ၁၅၀၀ (အမျိုးသား၊ အမျိုးသမီး) ပြိုင်ပွဲ၊ မီတာ ၄၀၀ တန်းကျော် (အမျိုးသား၊ အမျိုးသမီး) ပြိုင်ပွဲ၊ လက်ဆင့်ကမ်း (အမျိုးသား၊ အမျိုးသမီး)ပြိုင်ပွဲများ၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြ သည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ပြိုင်ပွဲတွင် ဂုဏ်ပြုဆုရရှိကြသူ များနှင့် ဒိုင်းဆုရရှိသော အသင်းတို့အား တိုင်းမှူးနှင့်တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ကြသည်။
အဆိုပါပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်များမှ ပြိုင်ပွဲဝင် အမျိုးသား ၈ သင်း၊ အမျိုးသမီး ၈ သင်း၊ ပြိုင်ပွဲအမျိုးအစား ၁၈ မျိုးတို့ဖြင့် ဩဂုတ် ၁၀ ရက်မှ ယနေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။