အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တောင်ကြီးတပ်နယ် (နယ်မြေ ၁)အသင်းက တံခွန်စိုက်ဒိုင်းဆုရရှိ

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တောင်ကြီးတပ်နယ် (နယ်မြေ ၁)အသင်းက တံခွန်စိုက်ဒိုင်းဆုရရှိ

နေပြည်တော်၊ စက်တင်ဘာ - ၁၃

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ ပြုလုပ်ခဲ့ပြီး တံခွန်စိုက်ဒိုင်းဆုအား တောင်ကြီးတပ်နယ်(နယ်မြေ ၁ )အသင်းက ရရှိသွား ကြောင်း သိရှိရသည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲသို့ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုး နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြပြီး ဗိုလ်လုပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ၂ ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲနှင့် ၃ ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲတို့တွင် ဆုရရှိကြသူများ၊ ၂ ယောက်တွဲအဖွဲ့လိုက်ပြိုင်ပွဲ ဆင့်ပွားဖလားနှင့် တံခွန်စိုက်ဒိုင်းဆုရရှိသော တောင်ကြီးတပ်နယ်(နယ်မြေ ၁ ) အသင်း တို့အား တိုင်းမှူး(ကိုယ်စား) ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။