နေပြည်တော်၊ မေ - ၁၈
အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၏ ၂၀၂၁ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို မေ ၁၇ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစာကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက် ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပထမနေ့ပြိုင်ပွဲ အဖွင့်ပွဲစဉ်ဖြစ်သည့် တောင်ကြီးတပ်နယ် (နယ်မြေ-၁) ကိုယ်စားပြုအသင်းနှင့် တောင်ကြီးပ်နယ်(နယ်မြေ-၂) ကိုယ်စားပြု အသင်းတို့၏ ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှု အားပေးကြသည်။
အဆိုပါပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးမှ ပြိုင်ပွဲ ဝင်အသင်း (၁၂) သင်းဖြင့် ဇွန် ၅ ရက်နေ့အထိ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။