အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ အသုံး အဆောင်ပစ္စည်းများနှင့် ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်
နေပြည်တော်၊ မေ - ၂၇
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်မှ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ မိုးကာအင်္ကျီ၊ ကျောပိုးအိတ်နှင့် ကျောင်းသုံး စာရေးကိရိယာများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး နှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်း သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် မူကြို ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ် စုံ၊ မိုးကာအင်္ကျီ၊ ကျောပိုးအိတ်၊ ကျောင်းသုံးစာရေးကိရိယာများနှင့် ဆရာ၊ ဆရာမများ အတွက် ကျောင်းဝတ်စုံများကို ပေးအပ်ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြ သည်။
အလားတူ တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ်များမှ တာဝန်ရှိသူများ ကလည်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ မိုးကာအင်္ကျီ၊ ကျောပိုးအိတ်နှင့် ကျောင်းသုံးစာရေးကိရိယာများကို အသီးသီးပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။