အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲတွင် လားရှိုးတပ်နယ် အသင်းက ဒိုင်းဆုရရှိ

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲတွင် လားရှိုးတပ်နယ် အသင်းက ဒိုင်းဆုရရှိ

နေပြည်တော်၊ ဇူလိုင် - ၁၆

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ဇူလိုင် ၁၅ ရက် ညနေပိုင်းတွင် လားရှိုးတပ်နယ် အားကစား ကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (စခန်းရုံး)အသင်းနှင့် လားရှိုးတပ်နယ်အသင်းတို့၏ ဗိုလ်လုပွဲ ပွဲစဉ် ယှဉ်ပြိုင်ကစားမှုများ ကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဒိုင်အဖွဲ့ဝင် များ၊ တစ်ဦးချင်းဆုရရှိကြသူများ၊ အသင်းလိုက်ဆုရရှိကြသူများနှင့် ဒိုင်းဆုရရှိသည့် လားရှိုးတပ်နယ်အသင်းတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆု များ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်များမှ ပြိုင်ပွဲဝင်အသင်း ၈ သင်းဖြင့် ဇူလိုင် ၆ ရက်မှ ၁၅ ရက်နေ့အထိ ယှဉ်ပြိုင်ကစား ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။