အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး)ဘော်လီဘော ပြိုင်ပွဲတွင် လားရှိုးတပ်နယ်(က)အသင်းက ဒိုင်းဆုရရှိ

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး)ဘော်လီဘော ပြိုင်ပွဲတွင် လားရှိုးတပ်နယ်(က)အသင်းက ဒိုင်းဆုရရှိ

 
နေပြည်တော်၊ ဇွန် - ၃

 
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစား သမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

 
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့် လားရှိုးတပ်နယ်(က) အမျိုးသမီးအသင်း နှင့် လားရှိုးတပ်နယ်(ခ) အမျိုးသမီးအသင်း၊ လားရှိုးတပ်နယ်(က) အမျိုးသားအသင်းနှင့် လားရှိုးတပ်နယ်(ခ) အမျိုးသားအသင်း တို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဒိုင်အဖွဲ့ဝင်များ၊ အသင်းလိုက်ဆုရရှိ ကြသူများ၊ တစ်ဦးချင်း ဆုရရှိသူများနှင့် ဒိုင်းဆုရရှိသည့် လားရှိုးတပ်နယ်(က)အမျိုးသားအသင်းနှင့် လားရှိုး တပ်နယ်(က)အမျိုးသမီးအသင်း တို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ ဘော်လီဘောပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ်များ မှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၈ သင်းနှင့် အမျိုးသမီးအသင်း ၈ သင်းဖြင့် အုပ်စု ၂ စု ခွဲကာ မေ ၃၀ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။