အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်း/တပ်ဖွဲ့များ၌ နွေရာသီသင်တန်းများ ဖွင့်လှစ်

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်း/တပ်ဖွဲ့များ၌ နွေရာသီသင်တန်းများ ဖွင့်လှစ်

နေပြည်တော်၊ ဧပြီ - ၂၅

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအတွက် ဖွင့်လှစ်သည့် မြန်မာ့သိုင်းအခြေခံသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အောင်ဇေယျခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် လှမိုး နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းနည်းပြ များ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများနှင့် အတူ မြန်မာ့သိုင်း နည်းပြဆရာများ၏ သရုပ်ပြလေ့ကျင့်ဆောင်ရွက်မှုများကို ကြည့်ရှု အားပေးကြသည်။ အဆိုပါ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၇၅ ဦးဖြင့် မေ ၆ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အလားတူ တိုင်းစစ်ဌာနချုပ်၊ ခိုလမ်တပ်နယ်ရှိ တပ်မတော်သားမိသားစုဝင်များ အတွက် ဖွင့်လှစ်သည့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စကားပြော သင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်းများ ဖွင့်ပွဲကို တပ်နယ်ရှိ နယ်မြေခံ သင်တန်း ကျောင်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူးက တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများ အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ သင်ခန်းစာပို့ချနေမှုများကို ကြည့်ရှုအားပေး ကြသည်။ အဆိုပါ သင်တန်းများတွင် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၁၆၉ ဦး၊ အင်္ဂလိပ်စကားပြောသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၉၈ ဦး၊ ကွန်ပျူတာအခြေခံသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၅၇ ဦး တို့ဖြင့် မေ ၆ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့အတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးရှိ တပ်ရင်း/ တပ်ဖွဲ့များ၌လည်း နွေရာသီသင်တန်းများကို သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၁၈၇၅ ဦးဖြင့် မေ ၆ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။