အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော် မင်္ဂလာ နှင့် ဘုရားအနေကဇာတင်၊ သိမ်၊ ကျောင်း ရေစက်ချ မင်္ဂလာပြုလုပ်
နေပြည်တော်၊ မေ- ၁၆
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော် မင်္ဂလာကို မေ ၁၅ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ ချမ်းမြေ့ဂုဏ်ဝေ ပရဟိတကျောင်းတိုက်အတွင်း၌ ပြုလုပ်ရာ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဝိမလ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့် အဖွဲ့ ဝင်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ရဟန်းလောင်းများနှင့် ရှင်သာမဏေလောင်းတို့အား ခိုလမ်မြို့အတွင်း လှည့်လည်ကြပြီး သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ဆံချမင်္ဂလာပြုလုပ်ပေးကြသည်။ ထို့နောက် သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်ဆရာကြီးများက ရဟန်းလောင်း ၁၂၄ ပါး၊ ရှင်သာမဏေ လောင်း ၄၇ ပါးနှင့် သီလရှင်လောင်း ၃၉ ပါးတို့ကို ရဟန်း၊ ရှင်သာမဏေနှင့် သာသနာနွယ်ဝင် သီလရှင်အဖြစ်သို့ သွတ်သွင်းပေးကြသည်။ ယင်းနောက်ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက ချမ်းမြေ့ဂုဏ်ဝေ ပရဟိတ ကျောင်းတိုက်ဆရာတော်အား ဆွမ်းပဒေသာပင်နှင့် အလှူငွေများ ဆက်ကပ် လှူဒါန်းကြသည်။
စုပေါင်းရဟန်းခံရှင်ပြု ဒုတိယနေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် ဦးပဇ္ဇျယ်ဆရာတော် ဘဒ္ဒန္တ ဝိမလဦးဆောင်သည့် ရဟန်းဘောင်ဝင်မည့် ရဟန်းလောင်းများက သိမ်ဝင်ခြင်း၊ သိမ်ဆင်းခြင်းများ ဆောင်ရွက်ကြပြီး တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များနှင့် ရှင်သာမဏေ များအား သိမ်ဆင်းလောင်းလှူကြသည်။ ထို့အပြင် သံဃာတော်များ၊ တိုင်းမှူးနှင့် တက်ရောက် လာကြ သူများက ချမ်းမြေ့ဂုဏ်ဝေပရဟိတကျောင်းတိုက်အတွင်းရှိ အနန္တဇိနမိုးကောင်း မြတ်စွာဘုရား ဗုဒ္ဓရုပ်ပွားတော်ကို ဌာပနာတော်သွင်းလှူပူဇော် ကြပြီး သံဃာတော်များက ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းများ ဆောင်ရွက်ကြ သည်။
ဆက်လက်၍ စုပေါင်းရဟန်းခံ၊ ရှင်ပြုအလှူတော်မင်္ဂလာနှင့် ဘုရားအနေ ကဇာတင်၊ သိမ်၊ ကျောင်း ရေစက်ချအလှူတော်မင်္ဂလာကို ပြုလုပ်ရာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ သာသနာ့ ဝိပုလ္လ ဓာတ်တော်ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဒေါက်တာ ပညာနန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်၍ သံဃာ တော်များ ထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ယင်းနောက် ချမ်းမြေ့ဂုဏ်ဝေပရဟိတကျောင်းတိုက် ဆရာတော် က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့၊ နမ့်လန်ကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ဉာဏောဘာသ ထံမှ အနုမောဓနာတရားနာယူကြပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။