အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၂၀

အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း သေနတ်ပစ် ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတောင်းတပ်နယ် စက်ပစ်ကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် လှမိုးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး မိုးပျံပူပေါင်းများအား ပစ္စတိုဖြင့် ပစ်ဖောက်၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက အမျိုးသားပစ္စတို ထိလဲပစ်ခတ်စဉ်နှင့် အမျိုးသမီးပစ္စတို ထိလဲပစ်ခတ်စဉ် စွမ်းရည်ပြ ပစ်ခတ်မှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ သေနတ်ပစ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်နယ်များမှ ပြိုင်ပွဲဝင်အသင်း ၈ သင်းတို့ဖြင့် ဩဂုတ် ၂ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။