အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားမိသားစုဝင် သား/သမီးများအတွက် နွေရာသီသင်တန်းများ ဖွင့်လှစ်

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားမိသားစုဝင် သား/သမီးများအတွက် နွေရာသီသင်တန်းများ ဖွင့်လှစ်

 
နေပြည်တော်၊ ဧပြီ -၂၅

 
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားမိသားစုဝင်များ၏ သား/သမီး များအတွက် ဖွင့်လှစ်သည့် အခြေခံအင်္ဂလိပ်သဒ္ဒါနှင့်စကားပြောသင်တန်း၊ ကွန်ပျူတာ သင်တန်း၊ ဗုဒ္ဓဘာသာနှင့်ယဉ်ကျေးလိမ္မာသင်တန်း၊ မြန်မာ့သိုင်းသင်တန်းများ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြေခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး နှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြ များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက သင်တန်းအလိုက် အထောက်အကူပြုပစ္စည်းများ ပေးအပ် ပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။ အဆိုပါ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၃၄၄ ဦးဖြင့် မေ ၂၀ ရက်အထိ ဖွင့်လှစ်သင် ကြားပေးသွားမည်ဖြစ်သည်။
အလားတူ တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးရှိ တပ်ရင်း/ တပ်ဖွဲ့များ၌လည်း အဆိုပါသင်တန်းများကို သင်တန်းသား၊ သင်တန်းသူ ၉၃၆၁ ဦးဖြင့် မေ ၂၀ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။