အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘော ပြိုင်ပွဲ ဆုပေးပွဲပြုလုပ်

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘော ပြိုင်ပွဲ ဆုပေးပွဲပြုလုပ်

 
နေပြည်တော်၊ ဇွန် - ၃

 
အလယ်ပိုင်းတိုင်စစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစား ခန်းမ၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစား သမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အမျိုးသမီး ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့် မန္တလေးတပ်နယ်အသင်းနှင့် ပြင်ဦးလွင်တပ်နယ်အသင်းတို့၏ ယှဉ်ပြိုင် ကစားမှုနှင့် အမျိုးသား ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့် မန္တလေးတပ်နယ်အသင်းနှင့် ပြင်ဦးလွင်တပ်နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ အသင်းလိုက်ဆုရရှိကြသူများ၊ တစ်ဦးချင်း ဆုရရှိကြသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ ဒိုင်းဆုရရှိသော ပြင်ဦးလွင်တပ်နယ် အမျိုးသမီးဘော်လီဘောအသင်းနှင့် မန္တလေးတပ်နယ် အမျိုးသားဘော်လီဘော အသင်း တို့ကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။
အဆိုပါ တိုင်းမှူးဒိုင်း ဘော်လီဘောပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း၊ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၃ သင်းနှင့် ပြိုင်ပွဲဝင်အမျိုးသမီး အသင်း ၁၃ သင်းဖြင့် အုပ်စု ၄ စုစီခွဲကာ မေ ၃၀ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစား ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။