အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုပေးပွဲ ပြုလုပ်  

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုပေးပွဲ ပြုလုပ်

 
နေပြည်တော်၊ ဇွန် - ၁

 
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း ဖိတ်ခေါ်ကြက်တောင် ရိုက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ ရန်အောင်မြင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ ဒိုင်အဖွဲ့ဝင် များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြ သည်။

 
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ အငယ်တန်း၊ သာမန်တန်း၊ အကြီးတန်းပြိုင်ပွဲများတွင် ဆုရရှိကြ သူများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ချီးမြှင့်ကြသည်။

 
အဆိုပါ ပြိုင်ပွဲကို မန္တလေးမြို့ပေါ်ရှိ ကလပ်အသင်းများနှင့် တက္ကသိုလ်များမှ အားကစားသမား ၈၂ ဦးဖြင့် အကြီးတန်းတွင် အုပ်စု ၆ စု၊ သာမန်တန်းတွင် အုပ်စု ၁၀ စု၊ အငယ်တန်းတွင် အုပ်စု ၅ စုခွဲ၍ မေ ၃၀ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။