အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ မွေးကင်းစမှ အသက် ၁ နှစ် ၆ လအထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်းများ ဆောင်ရွက်

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ မွေးကင်းစမှ အသက် ၁ နှစ် ၆ လအထိ ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ယနေ့နံနက်ပိုင်းတွင် နန်းမြို့တွင်းရှိ နယ်မြေခံဆေးတပ်ရင်း၌ ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ကလေးငယ်များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

အဆိုပါ မွေးကင်းစမှ အသက် ၁ နှစ် ၆ လအထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးရာတွင် နန်းမြို့တွင်းရှိ နယ်မြေခံဆေးတပ်ရင်းမှပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက   ကလေးငယ်   ၁၉၁   ဦးတို့ကို    ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ ဦးနှောက်အမြှေးရောင် ငါးမျိုးစပ်ကာကွယ်ဆေး၊   ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေးများ ထိုးနှံ/ တိုက်ကျွေးခဲ့ကြကြောင်း သတင်း ရရှိသည်။