အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ရောဂါကာကွယ်ဆေးများ ထိုးနှံ/ တိုက်ကျွေး

အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ရောဂါကာကွယ်ဆေးများ ထိုးနှံ/ တိုက်ကျွေး

နေပြည်တော်၊ ဇူလိုင် - ၈

အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ မော်လမြိုင်တပ်နယ်နှင့် မုဒုံတပ်နယ်တို့ရှိ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံ/ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြသည်။
မွေးကင်းစမှ အသက် ၁ နှစ်ခွဲအောက် ကလေးငယ် ၄၈ ဦးတို့ကို နယ်မြေခံ တပ်မတော်ဆေးရုံမှ ကလေးပါရဂူများ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများက ဘီစီဂျီကာကွယ်ဆေး၊ ဝက်သက်နှင့်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး၊ ပြင်းထန်အဆုတ် ရောင် ရောဂါကာကွယ်ဆေး၊ ပိုလီယိုရောဂါ ကာကွယ်ဆေး၊ အသည်းရောင်/ အသားဝါရောဂါ ကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး၊ ဝမ်းပျက်/ ဝမ်းလျှောရောဂါ ကာကွယ်ဆေးနှင့် ၅ မျိုး စပ်ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေး ခဲ့ကြောင်း သတင်းရရှိသည်။