အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃) ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃) ကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား

နေပြည်တော် မေ ၂၇

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၃)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဘဏ်များအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နာယက၊ မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူ များတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားရာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် စီးပွားရေး လုပ်ငန်းများထဲမှ အဓိကကျပြီး အချိန်တိုအတွင်း၌ ထိထိရောက်ရောက် အကျိုးဖြစ် ထွန်းနိုင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း           ( MSME ) များကို အားပေးမြှင့် တင်ဆောင်ရွက်ခြင်းအားဖြင့် စီးပွားရေးမောင်နှင်အားများ ကောင်းမွန်လာမည်ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ MSME လုပ်ငန်းများကို အားပေး ဆောင်ရွက်ရခြင်းမှာ မိမိတို့နိုင်ငံ၏ အများစုသော စီးပွားရေးလုပ်ငန်းများမှာ MSME အဆင့်တွင်ရှိနေကြကြောင်း၊ နိုင်ငံခြားလိုငွေပြခြင်း၏ စိန်ခေါ်မှုမှာ သွင်းကုန်ပမာဏ များပြားခြင်းကြောင့်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ၌ အဓိကလိုအပ် ချက်မှာ ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်များ ဖြစ်ကြပါကြောင်း၊ ကုန်ကြမ်းရှိမှ ကုန်ထုတ်လုပ်မှုတစ်နည်းအားဖြင့် ရောင်းကုန်ပစ္စည်း ထုတ်လုပ်မှုဖြစ် လာမည်ဖြစ်ကြောင်း ရောင်းကုန်ပစ္စည်းထုတ်လုပ်မှုများကို အရည်အသွေးရှိသည့် ကုန်ပစ္စည်းများ ဖြစ်အောင် ကူညီဆောင်ရွက်ပေးခြင်းအားဖြင့် ပြည်တွင်း ပြည်ပကုန်စည် ရောင်းချမှုများတွင် များစွာတိုးတက်လာမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုကို အဓိက ဆောင်ရွက် နေသူများ မှာလည်း MSME လုပ်ငန်းများသာဖြစ်ကြပါကြောင်း။

        မိမိတို့နိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်ခန့်သည် ကျေးလက်တွင်နေထိုင် ကြပြီး အများစုမှာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြပြီး ဒုတိယအနေဖြင့်‌မွေးမြူရေး လုပ်ငန်းများ ကို လုပ်ကိုင်ကြသူများဖြစ်ကြပါကြောင်း၊ ထို့ကြောင့်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိလာသည့် ထုတ်ကုန်ပစ္စည်းများသည် MSME လုပ်ငန်းများအတွက်သေချာသည့် ကုန်ကြမ်းများဖြစ်လာစေမည်ဖြစ်ပါကြောင်း။

        နိုင်ငံခြားငွေလိုအပ်မှုသည် သွင်းကုန်ပမာဏများပြားနေခြင်းလည်း ပါဝင်ကြောင်း၊ သွင်းကုန်ပမာဏများပြားခြင်းသည် လိုအပ်ချက်အရသွင်းရသည်များရှိသကဲ့သို့ ပြည်တွင်း ၌ ထုတ်လုပ်နိုင်သော်လည်း တင်သွင်းနေရမှုများမှာ မဖြစ်သင့်ပါကြောင်း၊ အထူးသဖြင့် စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပါကြောင်း၊ အလားတူ ပြည်ပသို့ တင်ပို့ နိုင်သည့် ရောင်းတန်းဝင်ပစ္စည်းများရှိသော်လည်း ကုန်ထုတ်လုပ်မှု အားနည်းချက်ကြောင့် ပို့ကုန်ပမာဏနည်းပါးမှုများသည်လည်း မဖြစ်သင့်ပါကြောင်း၊ MSME ကိုအားပေးရခြင်း၏ အခြေခံအကြောင်းအချက်များမှာ ကုန်ထုတ်လုပ်မှု၊တစ်နည်းအားဖြင့် ပြည်တွင်းစီးပွားရေး ကို မြှင့်တင်ရန်၊ သွင်းကုန်အစားထိုးနိုင်ရန်၊ ပို့ကုန်တိုးမြှင့်နိုင်ရန်ဖြစ်ပါကြောင်း၊ ထို့ကြောင့် သေချာသည့်ကုန်ကြမ်းများကို အသုံးပြုသည့် MSME လုပ်ငန်းများကို အဓိကအားပေး ဆောင်ရွက်ရန်လိုအပ်သည်ကို သုံးသပ်တွေ့ရှိရပါကြောင်း၊ ဥပမာအားဖြင့် စားသုံးဆီထုတ် လုပ်မှု၊ ဆန်နှင့်ဆန်ကွဲကို အခြေခံသည့် ထုတ်လုပ်မှု၊ ပလောပီနံကိုအခြေခံသည့် ထုတ်လုပ်မှု၊ ရာဘာကိုအခြေခံသည့် ထုတ်လုပ်မှု၊ ဝါကိုအခြေခံသည့် ထုတ်လုပ်မှု၊ ကော်ဖီ နှင့်လက်ဖက်ကိုအခြေခံသည့် ထုတ်လုပ်မှု၊ သစ်၊ ကြိမ်၊ ဝါးများကို အခြေခံသည့် ထုတ်လုပ်မှု၊ မွေးမြူရေး အသား၊ ငါး ကိုအခြေခံသည့် ထုတ်လုပ်မှုနှင့် တိရစ္ဆာန်အစားအစာ ထုတ်လုပ်မှုလုပ်ငန်းများသည် မိမိတို့နိုင်ငံအတွက် သေချာသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်း များဖြစ်သည်ကိုတွေ့ရှိရမည်ဖြစ်ပါကြောင်း၊ အလားတူများစွာသောကုန်ထုတ်လုပ်မှု လုပ်ငန်း နယ်ပယ်များရှိသကဲ့သို့ ဒေသအလိုက်ထူးခြားသည့် လုပ်ငန်းများလည်း ရှိနေမည် ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်မည်ဆိုပါက အလုပ်အကိုင် အခွင့်အလမ်းများဖြစ်ပေါ်စေခြေင်း၊ ကုန်ထုတ်လုပ်မှုများတိုးတက်လာပြီး တိုင်းပြည်၏ ဝင်ငွေတိုးတက်လာစေခြင်းများကိုဖြစ်ပေါ်စေမည်ဖြစ်ကြောင်း။

        ပို့ကုန်များများရမှသာ သွင်းကုန်များဖြစ်သည့် လောင်စာဆီ၊ ဓာတ်မြေဩဇာများ ပိုမိုတင်သွင်းလာနိုင်မည်ဖြစ်ပါကြောင်း၊ မိမိသွားရောက်ခဲ့သည့် ဒေသများမှ လျှပ်စစ်လို အပ်ချက်များကိုတင်ပြခြင်းများရှိပါကြောင်း၊ လျှပ်စစ်နှင့်ပတ်သက်၍ အစိုးရအဆက် ဆက်၌ စီမံကိန်းများရှိပြီးဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်းများအနေဖြင့် အကြောင်း အမျိုးမျိုးကြောင့် စီမံကိန်းများဖျက်သိမ်းခြင်း၊ ဆိုင်းငံခြင်းများကြောင့် လျှပ်စစ်ဓာတ် အား ထုတ်လုပ်မှုများ နှောင့်နှေးမှုများများစွာကြုံတွေ့ခဲ့ရပါကြောင်း၊ ထို့ကြောင့် ကာလတို၊ ကာလရှည်၊ ကာလလတ် စီမံချက် ၃ မျိုးဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးကိုလည်း ရဲရဲဝံ့ဝံ့ဆောင်ရွက်သွားနိုင်ရန်လိုအပ်သည်ကို တွေ့ရှိရပါကြောင်း။

        စားကုန်၊ သောက်ကုန်၊ လူသုံးကုန် ပစ္စည်းများကို ပြည်တွင်း၌ထုတ်လုပ်ပြီး ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင် ပါကတိုင်းပြည်အတွက် အကျိုးများ စွာရရှိမည်ဖြစ်ပြီး နိုင်ငံခြားသုံးငွေကိုလည်းလျော့ကျစေမည်ဖြစ်ပါကြောင်း၊ ပြည်တွင်း၌ သုံးစွဲနေသည့် အိမ်နီးချင်းနိုင်ငံအချို့မှ လူသုံးကုန်ပစ္စည်းအချို့၏ MSME ထုတ်ကုန်များ မှာ နည်းပညာမြင့်မားလှခြင်းမရှိဘဲ မိမိတို့ပြည်တွင်း၌ ထုတ်လုပ်၍ရနိုင်သည့် ကုန် ပစ္စည်းများဖြစ်နေသည်ကိုတွေ့ရှိရပါကြောင်း။

        MSME လုပ်ငန်းများနှင့် အကြီးစားစက်မှုလုပ်ငန်းများ ချိတ်ဆက်နိုင်ရေး ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရာတွင် အဓိကအားဖြင့် ထုတ်လုပ်မှုပိုင်း၊ စိုက်ပျိုး မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုပိုင်းများကို ဖိတ်ခေါ်ခြင်း၊  အဝတ်အထည် လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းများကို ဖိတ်ခေါ်နိုင်ပါက နည်းပညာများရရှိနိုင်ပြီး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း၊ CMP အထည် ချုပ်လုပ်ငန်းများသည် လုပ်သားများအခြေပြုလုပ်ငန်းများဖြစ်သည့်အတွက် အလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်ပြီး တစ်ဦးချင်းဝင်ငွေ တိုးတက်စေမည်ဖြစ်ပါ ကြောင်း၊ ကုန်ထုတ်လုပ်မှုပိုင်းတွင် ပြည်ပမှရင်းနှီးမြှုပ်နှံသူများအတွက် လိုအပ်သည့် ကုန်ကြမ်း၊ အစိတ်အပိုင်းအချို့ကို သေး၊ ငယ်၊ လတ်လုပ်ငန်းများမှ ချိတ်ဆက်ပေး သွင်းနိုင်မည်ဖြစ်သည်ကိုတွေ့ရှိရပါကြောင်း။

        မိမိအနေဖြင့်ဒေသများသို့ သွားရောက်ဆွေးနွေးစဉ် မြေနေရာရရှိရေးနှင့် ပတ် သက်ပြီးတင်ပြချက်များကိုတွေ့ရှိခဲ့ရကြောင်း၊ မြေနေရာအတွက် ဒေသတွင်းဝမ်းစာ ဖူလုံရေးအတွက် လယ်ယာမြေကို အခြားနည်းနှင့်အသုံးမပြုရန် ညွှန်ကြားထားပြီး ကျန် သည့်နေရာများတွင်သက်ဆိုင်ရာ ဒေသဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင်များကတင်ပြ ဆောင်ရွက်မည်ဆိုပါက ခွင့်မပြုပေးနိုင်စရာ အကြောင်းမရှိပါကြောင်း၊ မွေးမြူရေးဇုန် များ၊ စက်မှုဇုန်များကိုဖော်ထုတ်ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများလုပ်ကိုင်လိုသည့် တိုင်းရင်းသားလုပ်ငန်းရှင်များကို ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် များက ဖိတ်ခေါ်၍ လုပ်ကိုင်နိုင်ရန် ဖန်တီးပေးရမည်ဖြစ်ပါကြောင်း။

        ငွေကြေးအရင်းအနှီးနှင့်ပတ်သက်၍ MSME ချေးငွေများကို စီမံ/ဘဏ္ဍာလုပ်ထုံး လုပ်နည်းနှင့်အညီ ထုတ်ချေးနိုင်ရန်၊ ချေးငွေချေးယူမှု ထပ်နေခြင်းမဖြစ်စေရန်၊ ပြန်ဆပ် သည့် သတ်မှတ်ကာလတွင် ပြန်လည်ပေးသွင်းနိုင်ရန်၊ နိုင်ငံ့ဘဏ္ဍာငွေများ ဆုံးရှုံးမှု မဖြစ်စေရန်နှင့် အကျိုးရှိစွာ အသုံးချနိုင်ရေးစနစ်တကျ လုပ်ဆောင်ကြရန် တိုက်တွန်း မှာကြားလိုပါကြောင်း၊ တစ်ဖက်မှလည်းသင့်တော်သည့် ချေးငွေမူဝါဒများကိုလည်း စဉ်းစား ဆောင်ရွက်ကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမတည်နိုင်ရေးအတွက် ရန်ပုံငွေမှဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် ကျပ်(၄၀၀)ဘီလီယံကို တိုင်းဒေသ ကြီး၊ ပြည်နယ်များကို ခွဲဝေချထားပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ က ဒေသတွင်းဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံအဆောက်အဦများ၊ ထုတ်လုပ်မှု လုပ်ငန်းများ၊ MSME စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်နေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ အရှိန်ပြင်းပြင်းနှင့် ဆက်လက်ဆောင်ရွက်သွားရန်တိုက်တွန်း လိုကြောင်း။

        အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၌ အားသာချက် များရှိသကဲ့သို့ ၎င်းတို့ဖြစ်တည်ရှင်သန်ရေးအတွက်လည်း လိုအပ်ချက်နှင့် အားနည်း ချက်များစွာရှိနေသည်ကိုတွေ့ရှိရပါကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် လုပ်သာကိုင်သာရှိသည့် စီးပွားရေးပတ်ဝန်းကျင် အခြေအနေကောင်းများလိုအပ်ခြင်း၊ ခေတ်မီလုံလောက်သည့် အခြေခံအဆောက်အဦ များ လိုအပ်ခြင်း၊ စွန့်ဦးတီထွင်လိုသူများ မဝံ့မရဲဖြစ်ခြင်း၊ ငွေကြေးအရင်းအနှီးစရိတ် ကြီးမြင့်ခြင်းနှင့် မလုံလောက်ခြင်း၊ ရိုးရာနည်း (Traditional Technology) များကိုသာ အသုံးပြုနေရခြင်း၊ သုတေသနဖွံ့ဖြိုးမှုနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အထောက်အပံ့ ရရှိမှုအားနည်းနေခြင်း၊ သုတေသနပြုပြီးနောက် ရရှိသည့်ရလဒ်များကိုလည်း ရောင်း တန်းဝင်အဆင့်မြှင့် တင်နိုင်မှုမရှိသေးခြင်း အစရှိသည့်ကန့်သတ်ချက်များ၊ အဟန့် အတား များရှိနေသည်ကိုလည်း  တွေ့ရမည်ဖြစ်ပါကြောင်း။

        MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စီးပွားရေးဝန်းကျင် ကောင်းတစ်ခု ဖန်တီးပေးနိုင်ရေး အဓိကထား ဆောင်ရွက်ရမည့်အချက် (၄) ချက်ဖြစ် သည့်  လုပ်ငန်းသစ်များအစပျိုးရာတွင် တွေ့ကြုံရမည့်အခက်အခဲ အတားအဆီးများ လျှော့ချရေး၊ ရင်းနှီးမတည်ငွေ စီးဆင်းမှု၊ လွယ်ကူချောမွေ့စေရေး၊ အသိပညာပေးခြင်းနှင့် စွန့်ဦးတီထွင်မှုလုပ်ငန်းများ ကို အားကောင်းစေခြင်း၊ သတင်းကွန်ရက်ချိတ်ဆက်ခြင်းနှင့် ကျယ်ကျယ်ပြန့်ပြန့် သတင်းအချက်အလက်ဖြန့်ဝေမှု အားကောင်းစေခြင်းဖြင့် နိုင်ငံတကာထောက်ပံ့မှု ကွင်းဆက် (International Supply Chain)ထဲသို့ ဝင်ရောက်ခြင်း တို့ကို ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း။

        ထို့ပြင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအတွက် ဒစ်ဂျစ်တယ်အသုံးပြုနိုင်ရေးနှင့် အသွင်ကူးပြောင်းမှု (Digital Transformation) အပိုင်းသည်လည်း များစွာအရေးပါပြီး မိမိတို့နိုင်ငံ၏အနေအထားအရ ASEAN နိုင်ငံ များနှင့် ရင်ပေါင်တန်းနိုင်ရန်အတွက် မြန်ဆန်မှန်ကန်သည့်နည်းလမ်းနှင့် ကြိုးစား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ၏ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှု မြင့်မားလာပြီး ဒစ်ဂျစ်တယ်စီးပွား ရေး (Digital Economy) ပီပြင်လာစေရေးအတွက် မိမိတို့ဗဟိုကော်မတီအနေဖြင့် လည်း ထောက်ပံ့ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

        ဆက်လက်၍ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်းက ဗဟိုကော်မတီ၏ (၁/၂၀၂၂)အစည်းအဝေးဆုံးဖြတ် ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်း လင်းတင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန် ကြီးဦးဝင်းရှိန်၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ မှဝန်ကြီးချုပ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဘဏ်များအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်နာယက၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအ သင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ်တို့က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့ အစည်းများက ကဏ္ဍအလိုက်ဆောင်ရွက်ပေးနေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုက်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ပြည်တွင်းထုတ်ကုန်များကို အားပေးမြှင့်တင်ရေး၊ သွင်းကုန် အစားထိုး နိုင်ရန် ပြည်တွင်းရှိ MSME လုပ်ငန်းများကို အားပေးမြှင့်တင်ရေး၊ ပြည်ပပို့ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး၊ မြေယာမူဝါဒခိုင်ခိုင်မာဖြစ်စေရေး၊ စိုက်ပျိုးမြေများကို အခြားနည်း သုံးစွဲမှုများမရှိစေရေး၊ မြေကိုအကျိုးရှိအောင် စနစ်တကျအသုံးပြုရေး၊ ကုန်ထုတ်လုပ်မှု သမဝါယမအသင်းများ အမြန်ဆုံးဖွဲ့စည်းရေး၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အတွက် မြေပေါ်သယံဇာတ၊ မြေအောက်သယံဇာတနှင့် ရေအောက်သယံဇာတများကို စနစ်တကျ စီမံခန့်ခွဲအသုံးပြုရေး၊ ပြည်သူများ သတင်းအချက်အလက်ကို လွယ်ကူစွာ သိရှိနိုင်ရေးအတွက် ဆက်သွယ်ရေးစနစ်ကောင်းမွန်ရေး၊ ပြည်သူ့ပို့ဆောင်ရေးစနစ် ဖြစ်သည့် ကုန်လမ်းပို့ဆောင်ရေးစနစ်တွင် အဓိကကျသည့် မီးရထားနှင့် ရေးကြောင်း ပို့ဆောင်ရေးတွင် အဓိကကျသည့်သင်္ဘောများ လုံခြုံချောမွေ့စွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပြေးဆွဲနိုင်ရေးနှင့် မီရထားနှင့် သင်္ဘောများကြံ့ခိုင်ကောင်းမွန်မှုရှိအောင် ဆောင်ရွက်ရေး၊ ပြည်သူများအား သတင်းအချက်အလက် ဖြန့်ဝေပေးရာတွင်လွယ်ကူစွာဖြင့် အများနား လည်သိရှိ နိုင်အောင်ရေးသားဖြန့်ဝေရေး၊ နိုင်ငံစီးပွားရေးတိုးတက်ရန် ပြည်တွင်း ကုန်ထုတ်လုပ်မှုကို အားပေးမြှင့်တင်ရေး စသည့်အချက်များနှင့်ပတ်သက်၍ ဆက်စပ် ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများနှင့် မိတ်ဖက်အဖွဲ့ အစည်းများ ပေါင်းစပ်ညှိနှိုင်းပြီး ဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြ ရန်မှာကြားသည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က တိုင်းပြည်၏ မောင်းနှင် အားများအနက် စီးပွားရေး မောင်းနှင်အားသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျသည်ကို ပြောကြားခဲ့ပြီးဖြစ်ပါကြောင်း၊ စီးပွားရေး လုပ်ငန်းကို အောင်မြင် အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ကျန်ရှိသည့် လုပ်ငန်းရပ်များကို ထိထိရောက်ရောက် ဖြင့်ဆောင်ရွက်နိုင်မည်ဖြစ်ပါ ကြောင်း။      

          ယနေ့အစည်းအဝေးတွင် တင်ပြချက်များအရ အားသာချက်နှင့် အားနည်းချက် များကို တွေ့ရှိပါကြောင်း၊ အဆိုပါအချက်များကိုကြည့်၍ အချို့သောကိစ္စရပ်များကို ချက် ချင်းဖြေရှင်းဆောင်ရွက်ရန် အကြံဉာဏ်ပေးခဲ့သော်လည်း အချို့သောကိစ္စရပ်များကို ဆက်လက်ဆွေးနွေးရန်လိုအပ်နေသေးကြောင်း၊ အစိုးရတစ်ရပ်အနေဖြင့် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များကို လုပ်ပိုင်ခွင့်များခွဲဝေ ပေးထားပါကြောင်း၊ ဇယား(၁/၂/၃) အရလုပ်ပိုင်ခွင့်များအားလုံးပေးထားကြောင်း၊ ပြည်ထောင်စုအနေဖြင့် ပြည်နယ်နှင်တိုင်းဒေသကြီးများအားလုံး တစ်ပြေးညီရရှိအောင် ဆောင်ရွက်ပေးထားပါကြောင်း၊ တစ်ဖက်မှလည်း တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများ အနေဖြင့် မိမိဒေသနှင့်ကိုက်ညီသည်များကိုဆောင်ရွက်၍ ဒေသစီးပွားရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ဒေသအလိုက် ရေမြေသဘာဝများ မတူညီသကဲ့သို့ ထွက်ရှိသည့် ကုန်ကြမ်းများလည်း မတူညီပါကြောင်း၊ ဒေသအလိုက် ကုန်ကြမ်းများကိုအသုံးပြု၍ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ကုန်ထုတ်လုပ်မှုများ‌ ဆောင်ရွက်နိုင်စေရန် သက်ဆိုင်ရာအစိုးရအဖွဲ့များက ဆုံးဖြတ်ဆောင်ရွက်သွားရန်လို ကြောင်း။

          ကုန်ထုတ်လုပ်မှုလုပ်ငန်းအတွက် ပြည်ထောင်စုအနေဖြင့် အဓိကဆောင်ရွက်‌ပေး ရမည်မှာ ပညာရေးကွာဟမှုနည်းပါးစေရန်နှင့် လူသားအရင်းအမြစ်များ ပေါကြွယ်ဝစေ ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက်လည်း ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ပညာရေးကွာဟချက်များပြားလာပါက MSME လုပ်ငန်းများသာမက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုပါ ထိခိုက်နိုင်သည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် အတန်းပညာမြင့်မားရေးနှင့် အတတ်ပညာမြင့်မားရေးကို ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ လူသားအရင်းအမြစ်များကို ကုန်ထုတ်လုပ်မှုနည်းပညာဖြင့် ပေါင်းစပ်ဆောင်ရွက်သွားရမည်ဖြစ်ခြင်းကြောင့် နည်းပညာနှင့် အတတ်ပညာများကို ပေါင်းစပ်ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံစီးပွားရေးပိုမိုတိုးတက်လာမည်ကို သာဓက ပေါင်းများစွာဖြင့်တွေ့ရှိရမည်ဖြစ်ပါကြောင်း။

          ချေးငွေ (Financing) နှင့်ပတ်သက်၍လည်း ဒေသအားလုံးမှတောင်းဆိုသည့် ကိစ္စရပ် တစ်ခု ဖြစ်ကြောင်း၊ ချေးငွေများကိုအကျိုးရှိစွာဖြင့် အသုံးချနိုင်ရန်လိုကြောင်း၊ ရင်းနှီးမ တည်ငွေများကို သက်ဆိုင်ရာလုပ်ငန်းများတွင် အသုံးချမှုမရှိဘဲ အခြားလုပ်ငန်း များ တွင် အသုံးပြုမှုများကြောင့် နိုင်ငံအတွက် နစ်နာဆုံးရှုံးနိုင်ကြောင်း၊ ထို့ကြောင့် ချေးငွေနှင့်ပတ်သက်၍မှန်ကန်စွာဖြင့် နည်းလမ်းတကျဆောင်ရွက်နိုင်ရေး အားလုံး ထိန်းကြောင်းကြပ်မတ်ဆောင်ရွက်သွားရန်မှာကြားလိုပါကြောင်း၊ ကုန်စည်ပို့ဆောင်ရေး သည် ကုန်သွယ်မှုလုပ်ငန်းတွင်အရေးကြီးသကဲ့သို့ သတင်းအချက်အလက်များရရှိရေး သည်လည်းအရေးကြီးပါကြောင်း၊ သို့ဖြစ်၍ သတင်းအချက်အလက်မှန်မှန်ကန်ကန်ရရှိရေး နှင့် ကုန်စည်များမှန်ကန်မြန်ဆန်စွာပို့ဆောင်နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သို့မှသာကုန်စည်ပို့ဆောင်ရေး စရိတ်များ လျော့ကျသွားမည်ဖြစ်ပြီး ပြည်ပဈေးကွက်နှင့် ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း။
          လျှပ်စစ်စွမ်းအင်သည် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် မရှိမဖြစ်လိုအပ်သည့် သွင်း အားစုတစ်ခုဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိရေး နိုင်ငံတော်အနေဖြင့် ဆောင်ရွက် လျက်ရှိသကဲ့သို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက်လည်း မိမိတို့အစီအစဉ်ဖြင့် Bio Gasifier များနှင့် Solar System ကိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း များကိုဆောင်ရွက်ကြစေလိုကြောင်း၊ ယနေ့အစည်းအဝေးတွင် ဆက်လက်လုပ်ဆောင် ရမည့်လုပ်ငန်းများရှိပါကြောင်း၊ သို့ဖြစ်၍ တက်ရောက်လာကြသည့် ကော်မတီဝင်များ အနေဖြင့် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အင်တိုက်အားတိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှသာ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် များစွာအထောက် အကူပြုမည်ဖြစ်ပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်းသတင်းရရှိသည်။