အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့မှ အားကစားနည်း ကိုးမျိုး၌ ဝင်ရောက်ယှဉ်ပြိုင်မည်

 

(၁၁) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့မှ အားကစားနည်းကိုးမျိုး၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ် မှ သိရသည်။

ယင်းပြိုင်ပွဲကို ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတွင် အားကစားနည်း ၁၄ မျိုး  ထည့်သွင်းကျင်းပရန်လျာထားကာ     မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ က     အားကစားနည်းကိုးမျိုး၌ ဝင်ရောက်ယှဉ်ပြိုင်ရန်  စီစဉ်ထားခြင်းဖြစ်သည်။

အဆိုပါအားကစားနည်းကိုးမျိုးမှာ ပြေးခုန်ပစ်၊ ကြက်တောင်၊ ရေကူး၊ စားပွဲတင်တင်းနစ်၊  မျက်မမြင် စစ်တုရင်၊ အလေးမ၊ ဘော့စီးယား၊ ဘောလုံးနှင့် မြားပစ်တို့ဖြစ်သည်။ “အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲမှာ  အားကစားနည်းကိုးမျိုး  ဝင်ပြိုင်ဖို့ စီစဉ်ထားပါတယ်။  ဒါ့ပြင်  ဒီလအတွင်း ကျင်းပ မယ့် ပြိုင်ပွဲနဲ့ပတ်သက်တဲ့အစည်းအဝေးမှာ   မြန်မာနိုင်ငံအနေနဲ့  ဝှီးလ်ချဲဘတ်စကက်ဘောနဲ့ ထိုင်လျက်ဘော်လီဘောအားကစားနည်း နှစ်မျိုးကို ထပ်တိုးကျင်းပပေးဖို့အတွက်    တောင်းဆိုဖို့ရှိပါ တယ်။ လက်ရှိမှာ အားကစားအဖွဲ့တွေ လေ့ကျင့်မှုမလုပ်နိုင်သေးပေမယ့်  မတ်လ ဒါမှမဟုတ်  ဧပြီလ လောက်မှာ စခန်းသွင်းလေ့ကျင့်နိုင်ဖို့ လျာထားပါတယ်”ဟု မြန်မာနိုင်ငံ   မသန်စွမ်းအားကစားအဖွဲ့ ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ၂၀၀၁ ခုနှစ်မှစတင်ကာ နှစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိသော် လည်း ၂၀၁၉ ပြိုင်ပွဲကို  ဃဥဠှီု-၁၉  ရောဂါအခြေအနေကြောင့် ဖျက်သိမ်းခဲ့ရသည်။      မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့သည်   ၂၀၁၇ ခုနှစ်က  မလေးရှားနိုင်ငံ၌ နောက်ဆုံးကျင်းပခဲ့သည့်    အာဆီ ယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ၁၁ ခု၊ ငွေတံဆိပ်ဆု ၁၅ ခုနှင့် ကြေးတံဆိပ်ဆု ၁၇ ခု  စုစုပေါင်း ၄၃ ခုရရှိကာ နိုင်ငံအလိုက်ဆုရရှိမှု အဆင့်(၆)  နေရာ၌ ရပ်တည်နိုင်ခဲ့သည်။