အာရှရုံတွင်းနှင့် ကိုယ်ခံပညာပေါင်းစုံ အားကစားပြိုင်ပွဲ မေလအတွင်းကျင်းပမည်

 

၂၀၂၁ ခုနှစ် အာရှရုံတွင်းနှင့် ကိုယ်ခံပညာပေါင်းစုံ အားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ၌  မေလအတွင်း  ကျင်းပမည်ဖြစ် ကြောင်း အာရှအိုလံပစ်ကော်မတီမှ ထုတ်ပြန်သည်။

အာရှအိုလံပစ်ကော်မတီသည် ယခင်က အာရှရုံတွင်းနှင့် အာရှကိုယ်ခံပညာ ပေါင်းစုံ အားကစားပြိုင်ပွဲ တို့ကို သီးခြားစီ ကျင်းပခဲ့သော်လည်း ၂၀၁၃ ခုနှစ်မှစ၍ ပြိုင်ပွဲနှစ်ခုပေါင်းပြီး လေးနှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်သည်။

၂၀၂၁ အာရှရုံတွင်းနှင့် ကိုယ်ခံပညာ ပေါင်းစုံ အားကစားပြိုင်ပွဲကို မေ ၂၁ ရက် မှ ၃၀ ရက်အထိ ထိုင်းနိုင်ငံ ဗန်ကောက် မြို့နှင့် ချောင်ဘူရီမြို့တို့၌ ကျင်းပမည်ဖြစ် ပြီး ပြိုင်ပွဲတွင် ဘတ်စကက်ဘော၊ ကြက် တောင်၊ ဘိလိယက်၊ BMX စက်ဘီး၊ ဘိုးလင်း၊ ချက်စ်၊ ဖူဆယ်၊ ကရာတေး၊ မွေထိုင်း၊ သေနတ်ပစ်၊ ရုံတွင်းဟော်ကီ၊ ဂျူဂျစ်ဆု၊ ကစ်ဘောက်ဆင်၊ နက်ဘောနှင့် ပိုက်ကျော်ခြင်းစသည့်အားကစားနည်း ၂၉ မျိုး ပါဝင်မည်ဖြစ်သည်။

မြန်မာအားကစားအဖွဲ့အနေဖြင့် အဆိုပါ အာရှရုံတွင်းနှင့်   ကိုယ်ခံပညာပေါင်းစုံ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်သော်လည်း ယှဉ်ပြိုင်မည့်အား ကစားနည်းများကို ရွေးချယ်ရခြင်းမရှိသေး ပေ။ မြန်မာအားကစားအဖွဲ့သည် ၂၀၁၃ ခုနှစ်က တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပခဲ့ သည့် ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုသုံးခုရရှိ ခဲ့သော်လည်း ၂၀၁၇  ခုနှစ်က  တာမင် နစ္စတန်နိုင်ငံ၌  ကျင်းပသည့်  ပြိုင်ပွဲတွင် ဆုတံဆိပ်နှင့် လွဲချော်ခဲ့သည်။

မြန်မာအားကစားအဖွဲ့သည် ယခုနှစ်တွင် ဆီးဂိမ်း၊ အာဆီယံတက္ကသိုလ်ပေါင်းစုံ ပြိုင်ပွဲ၊ အာဆီယံ ကျောင်းသား အားကစား ပြိုင်ပွဲနှင့် အာရှရုံတွင်းနှင့် ကိုယ်ခံပညာပေါင်းစုံ အားကစားပြိုင်ပွဲ တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်မှန်းထားသော်လည်း လက်ရှိတွင် COVID-19 ရောဂါ အခြေအနေကြောင့်  စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ကိုရဲ