အိန္ဒိယနိုင်ငံ၏ Khalsa Aid India ဆစ်ခ် လူမှုအဖွဲ့အစည်းမှ လှူဒါန်းသည့် Oxygen Concentrators အလုံး(၅၀)ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လွှဲပြောင်းလက်ခံ
နေပြည်တော် ဇူလိုင် ၂၄
မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အစီအမံများတွင် အသုံးပြုနိုင်ရန် ရည်ရွယ်လျက် Oxygen Concentrators အလုံး(၅၀)ကို အိန္ဒိယနိုင်ငံမှ Khalsa Aid India ဆစ်ခ် လူမှုအဖွဲ့ အစည်း က ဇူလိုင် ၂၀ ရက်တွင် အိန္ဒိယနိုင်ငံရှိ မြန်မာသံရုံးသို့ လာရောက်လှူဒါန်းခဲ့ပြီး မြန်မာသံအမတ်ကြီးက လက်ခံခဲ့သည်။
အဆိုပါ Oxygen Concentrators အလုံး(၅၀) ကို ယနေ့တွင် နယူးဒေလီမြို့၊ မြန်မာသံရုံးမှ မြန်မာအမျိုးသား လေကြောင်းလိုင်းကယ်ဆယ်ရေး လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က လွှဲပြောင်းလက်ခံရယူခဲ့ ကြောင်း သိရသည်။