အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ အဖြစ် လှူဒါန်းသော ဆန်နှင့်ဂျုံများကို မြို့နယ် ၁၁ မြို့နယ်သို့ ဖြန့်ဝေနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်

အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ အဖြစ် လှူဒါန်းသော ဆန်နှင့်ဂျုံများကို မြို့နယ် ၁၁ မြို့နယ်သို့ ဖြန့်ဝေနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်

နေပြည်တော်၊ ဧပြီ - ၁၉

အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ အဖြစ် လှူဒါန်းသော ဆန်နှင့်ဂျုံတန်ချိန်(၈၀၀၀)ခန့်အားထားရှိမည့် ရန်ကုန်တိုင်းဒေသ ကြီး၊ အလုံမြို့နယ်ရှိ အေရှားဝေါလ်ဆိပ်ကမ်းနှင့် မြန်မာ့စက်မှုဆိပ်ကမ်းတို့တွင် အဆင် ပြေစွာထုတ်ယူနိုင်ရေးဆောင်ရွက်ထားရှိမှုများအား ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် လှူဒါန်းသော ဆန်နှင့်ဂျုံများကို မြို့နယ် ၁၁ မြို့နယ်သို့ ဖြန့်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကားများအသီးသီး ပြောကြားကြသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အသီးသီးဆွေးနွေး တင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းကာ နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ထို့နောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများအား VIDEO CONFERENCING စနစ်ဖြင့် အိန္ဒိယအစိုးရက မြန်မာ နိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့အဖြစ် လှူဒါန်းသော ဆန်နှင့် ဂျုံတန်ချိန်(၈၀၀၀)ခန့်အား မြို့နယ်(၁၁)မြို့နယ်ရှိ ပြည်သူများထံသို့ စနစ်တကျ ရောက် ရှိစေရေးညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။