အာဆင်နယ်အသင်းသည် ဂျာမန်ကွင်းလယ်ကစားသမား အိုဇေးလ်ကို ယခုလအတွင်း စာချုပ်ဖျက် သိမ်းပေးရန် ညှိနှိုင်းနေပြီး ၎င်းင်းအနေဖြင့် တူရကီ စူပါလိဂ်ကလပ် ဖီနာဘာချီအသင်းသို့ ဇန်နဝါရီ ဈေးကွက်တွင်ပင် ပြောင်းရွှေ့ ရောက်ရှိရန် နီးစပ်နေပြီဖြစ်သည်။ အိုဇေးလ်သည် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်း နှစ်ဝက်ကျန်ရှိနေသေးပြီး အာဆင်နယ်အသင်းသည် ပြီးခဲ့ သည့်နှစ် မတ်လက ဝက်စ်ဟမ်းကို ၁ ဂိုး-ဂိုးမရှိဖြင့်အနိုင်ရသောပွဲပြီးကတည်း က အိုဇေးလ်ကို အသုံးမပြုတော့ဘဲ အသင်းက စားသမားစာရင်းတွင်ပင် မှတ်ပုံ တင်ခြင်းမရှိဘဲ တစ်ပတ်လစာပေါင် သုံးသိန်းလည်းမပေးလို၍ စာချုပ် ဖျက်သိမ်းပြီး အသင်းမှထွက်ခွာစေလိုသည်။
ဖီနာဘာချီအသင်းဥက္ကဋ္ဌ အလီကော့စ်က အိုဇေးလ်ကိုခေါ်ယူနိုင်လျှင် လှပ သောအိပ်မက်ဖြစ်လာမည်ဟု ပြောထားသကဲ့သို့ ပြီးခဲ့သည့်နှစ် ဇန်နဝါရီ ဈေးကွက်ကတည်းက ခေါ်ယူလိုသော်လည်း အသင်း ဘဏ္ဍာရေးအခြေအနေ မကောင်းသေးသဖြင့် ခေါ်ယူနိုင်ခဲ့ခြင်းမရှိပေ။ အာဆင်နယ်ဘက်က စာချုပ် ဖျက်သိမ်းပေးလျှင် ပြောင်းရွှေ့ကြေးမပေးရဘဲ ခေါ်ယူနိုင်မည်ဖြစ်သောကြောင့် ယခုလအတွင်း ထိုအပြောင်းအရွှေ့ဖြစ်လာနိုင်သည်။ အိုဇေးလ်ကိုယ်တိုင်
ကလည်း လူမှုကွန်ရက်တွင် “ဖီနာဘာချီဆိုတာ စပိန်က ရီးယဲလ်မက်ဒရစ် အသင်းလိုပါပဲ။ တူရကီမှာ ဖီနာဘာချီအသင်းဆိုတာလည်း အင်အားအကြီး ဆုံးအသင်းပါ”ဟု ပြောခဲ့သဖြင့် မကြာမီ အိုဇေးလ်သည် ဖီနာဘာချီအသင်း သို့ ပြောင်းရွှေ့တော့မည်ဟု ဗြိတိန်သတင်းများက ဖော်ပြနေကြသည်။