ဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ဇန်နဝါရီ ၂၀ ရက်ညက နာပိုလီနှင့် ယှဉ်ပြိုင်ကစား သော အီတလီစူပါဖလားပွဲစဉ်၌ တစ်ဂိုးသွင်းနိုင်၍ ဘောလုံးသမိုင်းတစ်လျှောက် ကလပ်နှင့်နိုင်ငံအသင်း အတွက် သွင်းဂိုးအများဆုံးသွင်းနိုင်သူအဖြစ် စံချိန် သစ်တင်နိုင်ခဲ့သည်။ ထိုပွဲတွင် စီရော်နယ်ဒိုသည် အဖွင့်ဂိုးသွင်းပေးခဲ့ပြီး နာပိုလီဘက်မှ အင်ဆစ်ဂနီ ပယ်နယ်တီကန်သွင်းမှုလွဲချော်ကာ ဂျူဗင်တပ်စ် အတွက် အနိုင်သေချာစေမည့် ပွဲသိမ်းဂိုးကို မိုရာတာ ကသွင်းယူခဲ့သဖြင့် ဂျူဗင်တပ်စ်အသင်း ဆုဖလား နှင့်အတူ စီရော်နယ်ဒိုပါ သမိုင်းမော်ကွန်းသစ် ရေးထိုးလိုက်နိုင်သည်။
ယခင်က သြစတြီးယားနှင့်ချက်နှစ်နိုင်ငံသား ဂျိုးဆက်ဘီကန်သည် ကလပ်နှင့်နိုင်ငံအသင်း အတွက် ဂိုးအများဆုံးသွင်းထားသူအဖြစ် ၇၅၉ ဂိုး သွင်းထားကာ ထိုစံချိန်ကို စီရော်နယ်ဒိုက ဇန်နဝါရီ ၁၀ ရက်က ဆက်ဆူအိုလိုနှင့်ပွဲ၌ လိုက်မီနိုင်ခဲ့သည်။ ဖေဖော်ဝါရီ ၅ ရက်တွင် အသက် ၃၆ နှစ်ပြည့် မည့် စီရော်နယ်ဒိုသည် ထိုသွင်းဂိုး ၇၆၀ ကို ပေါ်တူဂီလက်ရွေးစင်၊ စပို့တင်းလစ္စဘွန်း၊ မန်ယူ၊ ရီးယဲလ်နှင့် ဂျူဗင်တပ်စ်အသင်းများအတွက် သွင်းပေးခဲ့ခြင်းဖြစ်သည်။