အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုအား စားသောက်နေထိုင်ရေးတွင် စိုးရိမ်ပူပန်မှုများမြှင့်တက်စေရန် ခြိမ်းခြောက်ပြောဆိုမှုများကို တရားမဝင် မိမိကိုယ်ကိုမိမိ ဝန်ကြီးအဖြစ်ခန့်အပ်ထားသည့် ဆေးပညာရှင် ဦးဇော်ဝေစိုး က ပြောကြား

နေပြည်တော်၊ ဇွန် - ၈

အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုအနေဖြင့် မိမိတို့၏ လူနေမှု ဘဝမြင့်မားစေရေးအတွက် နေ့စဉ်နှင့်အမျှ လုပ်ကိုင်သွားလာလျက်ရှိပြီး ကျန်းမာ ရေး၊ ပညာရေး၊ စီးပွားရေးစသည့် ဘက်ပေါင်းစုံမှ တိုးပွားလာစေရန်အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိသော ပြည်သူ လူထုများ၏ စားသောက်နေထိုင်ရေးတွင် စိုးရိမ်ပူပန်မှုဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်ကာ အထိတ်တလန့် နေထိုင်စားသောက်နေရမည့် အခြေအနေရောက်ရှိအောင် ရည်ရွယ် ၍ တရားမဝင် မိမိကိုယ်ကိုမိမိ ဝန်ကြီးအဖြစ် သတ်မှတ်ထားကာ ဆေးကုသမှု မရှိသော ဆေးပညာရှင် ဦးဇော်ဝေစိုး က ခြိမ်းခြောက်ပြောဆိုမှုများ လူမှုကွန်ယက် ပေါ်တွင် ပျံနှံ့လျက်ရှိသည်။

ဆေးပညာရှင် ဦးဇော်ဝေစိုး အနေဖြင့် မိမိတတ်မြောက်ထားသည့် ပညာရပ် သည် အများပြည်သူလူထုအသက်ခန္ဓာတည်မြဲရေးကို ဦးတည်ဆောင်ရွက်ရမည် ဖြစ်သော်လည်း တိုင်းပြည်ကို ပျက်စီးစေလိုသည့် အကြမ်းဖက်သမားများ၏ လုပ်ကိုင်ပြောဆိုမှု ပုံစံအတိုင်း ဦးတည်ရည်ရွယ်ပြောဆိုလာမှုကို အောက်ပါအတိုင်း တွေ့ရှိရသည် -

အထက်ပါဗွီဒီယိုဖိုင်နှင့်ပတ်သက်၍ မိဘပြည်သူများမှ လွန်စွာ ရွံ့ရှာစက်ဆုပ် မုန်းတီးလျက်ရှိကြောင်းနှင့် Comment များကို တွေ့ရှိရပါသည်။

ဦးဇော်ဝေစိုး အနေဖြင့် ယခင်ကလည်း CDM မပါဝင်သည့် နိုင်ငံ့ဝန်ထမ်း ကောင်းများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ CDM ၌ မဖြစ်မနေပါဝင် လာစေရန် တစ်ဖက်မှလည်း ဖြားယောင်းစည်းရုံးခြင်းများကို တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့သော် လည်း နိုင်ငံ့ဝန်ထမ်းကောင်းများအနေဖြင့် ၎င်း၏ မက်လုံးပေးမှု၊ ခြိမ်းခြောက်မှုများကို လက်မခံဘဲ တာဝန်ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသဖြင့် ယခုကဲ့သို့ ပြည်သူလူထု၏ အသက်အန္တရာယ်အပေါ် ခြိမ်းခြောက်ပြောဆိုလာခဲ့ခြင်းဖြစ်သည်။
ပြည်သူလူတုအပေါ် NLD ပါတီဝင်နှင့်ထောက်ခံသူ နိုင်ငံရေးအစွန်းရောက်သမား များ၏ ခြိမ်းခြောက်ပြောဆိုခြင်းများအပါအဝင် အကြမ်းဖက်လုပ်ရပ်များဆောင်ရွက် နေသူများအား မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းရှံ့ချ ကန့်ကွက်ခြင်း၊ ၎င်းအကြမ်းဖက် ခြိမ်းခြောက်နေသူများ၏ သတင်းများရရှိပါက သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်း များထံသို့ သတင်းပေးပို့ခြင်း၊ ပူးပေါင်းပါဝင်ဖမ်းဆီးခြင်းများဖြင့် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။