မန်ချက်စတာ ဖေဖော်ဝါရီ ၁၃
မကြာသေးမီက လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် မန်ယူမှ တူရန် ဇီဘီ၊ မာရှယ်နှင့် လော်ရန်ဂျိမ်းစ်အပါ အဝင် ပရီးမီးယားလိဂ်ကစားသမားများ လူမျိုးခွဲခြားစော်ကားခံရခြင်း၊ နယူး ကာဆယ်နည်းပြ စတိဗ်ဘရုစ်နှင့် ဒိုင် လူကြီး မိုက်ဒင်းတို့ အွန်လိုင်းမှ အသက်အန္တရာယ်ခြိမ်းခြောက်ခံရခြင်းများရှိရာ တာဝန်ရှိသူများက ဖေ့ဘွတ်၊ တွစ်တာနှင့် အင်စတာဂရမ်များပေါ်၌ ထိုသို့သော ဝေဖန်စော်ကားမှုများကို လူမှုကွန်ရက်ကုမ္ပဏီ များက ဦးစွာ ဖျက်ထုတ်ပစ်ရန် တောင်းဆိုခဲ့ကြသည်။
သို့သော် အဆိုပါကုမ္ပဏီကြီးများက ပိတ်ပင်တားဆီးမှုကို ငြင်းဆန်ခဲ့ကြသောကြောင့် မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က တခြားတားမြစ်နိုင်သည့် နည်းလမ်းများဖြင့် ပိတ်ရန်ဖြစ်နိုင်သည်ဟု ဖွင့်ဟခဲ့သည်။
Ref:Dailymail