အ‌နောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ မှီခိုသူ သား၊သမီး ကျောင်းသား၊ ကျောင်းသူများအတွက် နွေရာသီသင်တန်းများ ဖွင့်လှစ်

နေပြည်တော်၊ ဧပြီ - ၂၆
    
အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ မှီခိုသူ သား၊ သမီး ကျောင်းသား၊ ကျောင်းသူများ အခြေခံအင်္ဂလိပ်စာ သဒ္ဒါနှင့်စကားပြော သင်တန်း၊ ကွန်ပျူတာသင်တန်းနှင့် မြန်မာ့သိုင်းသင်တန်းများ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်း တွင် တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌  COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့်အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ နှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက သင်တန်းတက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။
    
အဆိုပါအခြေခံအင်္ဂလိပ်စာ သဒ္ဒါနှင့် စကားပြောသင်တန်းကို ကျောင်းသား၊ ကျောင်းသူ ၃၅ ဦးဖြင့် လည်းကောင်း၊ ကွန်ပျူတာသင်တန်းကို ကျောင်းသား၊ ကျောင်းသူ ၁၀၁ ဦးဖြင့် လည်းကောင်း၊ မြန်မာ့သိုင်းသင်တန်းကို ကျောင်းသား၊ ကျောင်းသူ ၇၃ ဦးဖြင့် လည်းကောင်း၊ စုစုပေါင်း သင်တန်းသား ကျောင်းသား၊ ကျောင်းသူ ၂၀၉ ဦးဖြင့် မေ ၂၈ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။