ဥပဒေနှင့်မညီသော ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများကို လိုင်စင် ပယ်ဖျက်သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်

နေပြည်တော်၊ ဧပြီ ၂၁

    ဗန်းမော်မြို့ပြည်သူ့ဆေးရုံ (ခုတင်-၂၀၀)၌ တာဝန်ထမ်းဆောင်ပြီး ဆရာဝန်ကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်နှင့်မညီဘဲ CDM ပြုလုပ်လျက်ရှိသည့် ဒေါက်တာ အောင်ထွန်းဝင်း (အထူးကု) နှင့် ဒေါက်တာ ဂမ်မင်းထက် (အထူးကု)တို့သည် ပြင်ပပုဂ္ဂလိက ဆေးရုံဖြစ်သည့် “စွမ်းမေတ္တာ”ဆေးရုံ၌ လည်းကောင်း၊ ဒေါက်တာ လျန်းလင်းထွေး (အထူးကု)နှင့် ဒေါက်တာ ဗညား(အထူးကု)တို့သည် “စိန်သစ္စာ” ဆေးရုံ၌ လည်းကောင်း ဆေးကုသမှုများ  ပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

    သို့ဖြစ်၍ မိမိတို့၏ တာဝန်နှင့်ကျင့်ဝတ်များကို လျစ်လျူရှုပြီး CDM ပြုလုပ်နေသည့် ဖော်ပြပါ ဆရာဝန်များအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့်  အရေးယူ ထားရှိသည့်ပြင် ၎င်းတို့အား လက်ခံ၍ ဆေးကုသခွင့်ပေးနေသော “စွမ်းမေတ္တာ”ဆေးရုံနှင့် “စိန်သစ္စာ”ဆေးရုံတို့အား ပုဂ္ဂလိက ကျန်းမာရေး လုပ်ငန်းဆိုင်ရာ ဥပဒေနှင့်အညီ လိုင်စင်ပယ်ဖျက်ပြီး ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်း ထုတ်ပြန်ထားရှိပါသည်။