ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျုးထောက်ပံ့ပေးအပ်

 
နေပြည်တော်၊ ဇူလိုင် - ၁

 
ဧရာဝတီတိုင်းဒေသကြီး၊ ကွင်းကောက်မြို့နယ်၊ အင်္ဂပူမြို့နယ်၊ လေးမျက်နှာ မြို့နယ်နှင့် ကြံခင်းမြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ စားရေးအဆင်ပြေစေ ရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့တွင် ကွင်းကောက်မြို့၊ နယ်မြေခံသင်တန်းကျောင်းခန်းမ၌ ပြုလုပ်ရာ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ ဟင်္သာတတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ် ဇော်မြင့်ဦး နှင့် တာဝန်ရှိသူ များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 
ဦးစွာ တပ်နယ်မှူးက အဖွင့်အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ စားရေးအဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးအား ထောက်ပံ့ပေးအပ်ပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 
အလားတူ မြောင်းမြမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ စားရေး အဆင်ပြေစေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးကို နယ်မြေခံတပ်ရင်ခန်းမ၌ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။