ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအစည်းအဝေးပြုလုပ်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအစည်းအဝေးပြုလုပ်

 
နေပြည်တော်၊ ဇူလိုင်- ၂၇

 
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအစည်းအဝေးကို ဇူလိုင် ၂၆ ရက်နေ့လယ်ပိုင်းတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံးအစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်၊ ခရိုင်(၆)ခရိုင်မှ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဥက္ကဋ္ဌများ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်း မာရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်းနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

 
ဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌက အမှာစကားပြောကြားပြီး တိုင်းမှူးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။ ထို့နောက် တက်ရောက် လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌနှင့် တိုင်းမှူးတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။