ဧရာဝတီတိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး၊ အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေးပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး၊ အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေးပြုလုပ်

 
နေပြည်တော်၊ ဇူလိုင် ၁၉

 
ဧရာဝတီတိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး၊ အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်း များနှင့်အညီ ပြုလုပ်ရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်း၊ စီမံအုပ် ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး၊ အရေးပေါ် တုံ့ ပြန်ရေးကော်မတီ ဉက္ကဋ္ဌ ဦးရဲမြင့် က အဖွင့်အမှာစကားပြောကြားပြီး တိုင်းမှူး က လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။ ထို့နောက် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး၊ အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်းတို့က ဆွေးနွေးတင်ပြခဲ့ ကြပြီး တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်မှုအပေါ် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌနှင့် တိုင်းမှူးတို့က လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။