ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ နိုင်ငံတော် ဆန့်ကျင်ရေး စာသားများပါ ဆိုင်းဘုတ်များအား ကိုင်ဆောင်၍ လမ်းလျှောက် ဆန္ဒပြသူ အမျိုးသား ၂ ဦးအား ဖမ်းဆီး အရေးယူ

နေပြည်တော်၊ ဧပြီ ၂၁

၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ နိုင်ငံတော် ဆန့်ကျင်ရေးစာသာများပါ ဆိုင်းဘုတ်များအား ကိုင်ဆောင်၍ လမ်းလျှောက်ဆန္ဒပြသူ အမျိုးသား ၂ ဦး အား ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၁ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ်အချိန်တွင် ပုသိမ်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ရုပ်ရှင်ရုံလမ်းပေါ်၌ (၈)ရပ်ကွက်၊ ဧရာမင်း ၃ လမ်းနေ သန်းအောင်စိုး(၁၉)နှစ်(ဘ)ဦးကျင်လှိုင်နှင့်ဥမ္မာဒန္တီ(၁၆)လမ်းနေ မြတ်သူရအောင်(၁၈)နှစ ်(ဘ)ဦးလတ်အောင်တို့ ၂ ဦးသည် နိုင်ငံတော် ဆန့်ကျင်ရေး စာသားများ ရေးသားထားသည့် ဆိုင်းဘုတ်များအား ကိုင်ဆောင်၍ လမ်းလျှောက် ဆန္ဒပြနေသည်ကို တွေ့ရှိရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီး ထိန်းသိမ်းခဲ့ပါသည်။

ဖြစ်စဉ်တွင် ဖမ်းဆီးရမိသူ သန်းအောင်စိုးပါ ၂ ဦးအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။