ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးနှင့်ထိန်းချုပ် ရေး သရုပ်ပြသင်တန်းဖွင့်လှစ်
နေပြည်တော်၊ ဩဂုတ် - ၁၁
ကိုဗစ်-၁၉ ရောဂါ ကုသရေးနှင့်ထိန်းချုပ်ရေး သရုပ်ပြသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူး ရုံး၌ ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေကောင်စီဉက္ကဌ ဦးသိန်းဆိုင်နှင့် အဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ရောဂါကုသရေးနှင့်ထိန်းချုပ်ရေးလုပ်ငန်းများတွင် မိမိသဘောဆန္ဒ အလျောက် ပါဝင်ကူညီဆောင်ရွက်ကြမည့် လူငယ်များနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေကောင်စီဉက္ကဌက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကုသရေးနှင့်ထိန်းချုပ်ရေးလုပ်ငန်းများတွင် မိမိ သဘောဆန္ဒအလျောက် ပါဝင်ကူညီဆောင်ရွက်ကြမည့် လူငယ်များအား PPE ဝတ်စုံ စနစ်တကျဝတ်ဆင်တတ်စေရန်၊ ပိုးသတ်ဆေးစနစ်တကျဖျန်းတတ်စေရန်၊ ကိုဗစ်-၁၉ လူနာများအား ပြုစုတတ်စေရန်၊ ကျန်းမာရေးနှင့်ညီညွတ်စွာနေထိုင်တတ်စေရန် စသည့်အချက်များအား သင်ကြားပြသခဲ့ပြီး ဆေးရုံသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။