ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၌ နိုင်ငံတော် ဆန့်ကျင်ရေးစာသား စာရွက်များအား လိုက်လံကပ်နေသူ အမျိုးသား ၂ ဦးအား ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၃

    ဧရာဝတီတိုင်းဒေသကြီ၊ ဟင်္သာတမြို့၌ အများပြည်သူသွား လမ်းမကြီးပေါ်ရှိ ဓာတ်တိုင်များနှင့် စာသင်ကျောင်း ခြံစည်းရိုး အုတ်တံတိုင်းများတွင် နိုင်ငံတော် ဆန့်ကျင်ရေး လှုံ့ဆော်စာသားများပါ စာရွက်များ လိုက်လံကပ်နေသူ အမျိုးသား ၂ ဦးအား ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရသည်။

    ဖြစ်စဉ်မှာ မေလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ဟင်္သာတမြို့၊ တာငါးဆယ်တောင် ရပ်ကွက်အတွင်းရှိ ဓာတ်တိုင်မျာ၊ စာသင်ကျောင်းခြံစည်းရိုး အုတ်တံတိုင်းများတွင် နိုင်ငံတော် ဆန့်ကျင်ရေး လှုံ့ဆော်စာများ လိုက်လံကပ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ ဇွဲကပင်လမ်းရှိ ဓာတ်တိုင်တွင် နိုင်ငံတော်ဆန့်ကျင်ရေး စာသားများပါ စာရွက်များအား ကပ်နေသည့် အဆိုပါရပ်ကွက်နေ ဖြိုးသက်နိုင် (၁၉)နှစ် (ဘ) ဦးမျိုးနိုင်ကျော်နှင့် ပြည့်စုံအောင် (၁၉)နှစ် (ဘ) ဦးအောင်မင်းတို့ ၂ ဦးအား တွေ့ရှိရသဖြင့် ထိန်းသိမ်းခဲ့ပြီး ၎င်းတို့ ၂ ဦး၏ ခန္ဓာကိုယ်အား ရှာဖွေခဲ့ရာ ၎င်းတို့ထံမှ နိုင်ငံတော် ဆန့်ကျင်ရေး လှုံ့ဆော်စာသားများပါ စာရွက် ၁၀ ရွက်အား ထပ်မံသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

    အဆိုပါဖြစ်စဉ်မှ ဖမ်းဆီးရမိသူ ၂ ဦးအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။