ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲစတင်

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲစတင်

နေပြည်တော်၊ ဒီဇင်ဘာ - ၁၅

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ ကိုးသိန်း အားကစားခန်းမ၌ ကိုဗစ်- ၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစား သမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အဖွင့်ပွဲစဉ်များ ဖြစ်သည့် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပုသိမ်မြို့နယ်အသင်းနှင့် ဖျာပုံမြို့နယ် အသင်း၊ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပုသိမ်မြို့နယ်အသင်းနှင့် ဇလွန်မြို့နယ် အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှု့အားပေးကြသည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်မှ ပြိုင်ပွဲဝင် အမျိုးသား/အမျိုးသမီးအသင်း ၂၆ သင်းစီဖြင့် ဒီဇင်ဘာ ၂၀ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။