ကချင်ပြည်နယ် မိုးမောက်မြို့နယ် မံပုံကျေးရွာအနီး ဗန်းမော်-မိုးမောက်သွား ကားလမ်းမကြီး၌ နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ၁၂ ဘီးယာဉ်နှင့် မော်တော်ဆိုင်ကယ် ပွတ်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ မိုးမောက်မြို့နယ် မံပုံကျေးရွာအနီး ဗန်းမော်-မိုးမောက်သွား လမ်းမကြီး၌ ယာဉ်မောင်း ဇင်မင်းလတ်(ခ) မော်စီတုန်း မောင်းနှင်ပြီး ယာဉ်နောက်လိုက် မင်းမင်းဇော် လိုက်ပါလာသည့် NISSANUD အမျိုးအစား ၁၂ ဘီးအစိမ်းရောင် မော်တော်ယာဉ်သည် မောင်းနှင်လာစဉ် တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မိုးမောက်မြို့မှ ဗန်းမော်မြို့သို့ ယာဉ်မောင်းဘောက်ဆိုင် မောင်းနှင်ပြီး နောက်တွင် မရစ်ဆိုင်းမိုင် လိုက်ပါလာသည့် SHAYAN 125 အနက်ရောင် မော်တော်ဆိုင်ကယ်၏ လက်ကိုင်အား ယာဉ်၏ ဝဲဘက်ရှေ့ဘန်ပါနှင့် ပွတ်တိုက်မိခဲ့၍ ဘောက်ဆိုင်နှင့် မရစ်ဆိုင်းမိုင်တို့မှာ (မစိုးရိမ်ရ) ဒဏ်ရာများ အသီးသီး ရရှိသွားကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဇင်မင်းလတ်(ခ)မော်စီတုန်းအား မိုးမောက်မြို့မ ရဲစခန်းက ယာဉ်(ပ)၆/၂ဝ၂ဝ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၇/၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်း ရရှိသည်။