၂ဝ၂ဝ-၂ဝ၂၁ ဘောလုံးရာသီအတွက် ဥရောပရွှေဖိနပ်ဆု (ESM) ကို ဘိုင်ယန်မြူးနစ် အသင်း တိုက်စစ်မှူး လီဝန်ဒေါစကီး လက်ခံရရှိ
၂ဝ၂ဝ-၂ဝ၂၁ ဘောလုံးရာသီ ဥရောပသွင်းဂိုး အများဆုံး ကစားသမားဆုဖြစ်သည့် ဥရောပရွှေဖိနပ် ဆု (ESM )ကို ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး လီဝန်ဒေါစကီးက လက်ခံရရှိကြောင်း သိရသည်။
အသက် ၃၃ နှစ်အရွယ် လီဝန်ဒေါစကီးသည် ၂ဝ၂ဝ-၂ဝ၂၁ ဘောလုံးရာသီက ဘိုင်ယန်မြူးနစ် အသင်းနှင့်အတူ ပြိုင်ပွဲစုံ စုစုပေါင်းသွင်းဂိုး ၄၁ ဂိုး အထိသွင်းယူနိုင်ပြီး ရမှတ် ၈၂ မှတ်အထိရရှိကာ ဥရောပ ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
လီဝန်ဒေါစကီးသည် ၎င်း၏ ကစားသမားဘဝ တစ်လျှောက် ဥရောပရွှေဖိနပ်ဆုကို ပထမအကြိမ် ရရှိခြင်းဖြစ်ပြီး ပိုလန်နိုင်ငံသား ကစားသမားများတွင် ပထမအကြိမ်ရရှိသည့် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သူဖြစ်သည်။
ထို့ပြင် ၁၉၇၁-၁၉၇၂ ခုနှစ်က ဘိုင်ယန်မြူးနစ် အသင်း ဂန္ထဝင် ကစားသမားကြီး ဂတ်မူလာက ပြိုင်ပွဲစုံ သွင်းဂိုး ၄ဝ ဖြင့် ဥရောပ ရွှေဖိနပ်ဆုကို ရယူနိုင်ပြီး နောက်ပိုင်း ၄၉ နှစ်အကြာတွင် လီဝန်ဒေါစကီးက ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှ ကစားသမားတစ်ဦးက ဥရောပရွှေဖိနပ်ဆုကို ရရှိသည့် ပထမဆုံး ကစားသမားအဖြစ်လည်း စံချိန်တင်နိုင်ခဲ့သူဖြစ်သည်။ လီဝန်ဒေါ စကီးသည် ဒီဇင်ဘာလတွင်ပေးအပ်ချီးမြှင့်မည့် ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆု အတွက်လည်း ရေပန်းစားလျက် ရှိကြောင်း သိရသည်။