နေပြည်တော် ဇွန် ၆
၂ဝ၂၁-၂ဝ၂၂ ပညာသင်နှစ်တွင် တက်ရောက်ပညာ သင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ (ပထမအကြိမ်)ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦး နှင့်အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂ဝ၂၁-၂ဝ၂၂ ပညာ သင်နှစ်တွင် တက်ရောက်ပညာ သင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာ စာအုပ်နှင့်စာရေးကိရိယာများကို လည်းကောင်း၊ ဆရာ၊ ဆရာမများအတွက် ကျောင်းဝတ်စုံများကို လည်းကောင်း ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။