၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲများတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲများတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

နေပြည်တော်၊ ဩဂုတ် - ၆

ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပ သော ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ခုနှစ်၊ပညာသင်နှစ် တက္ကသိုလ် ဝင်စာမေးပွဲများတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ အား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနော်ရထာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် ရန်ကုန်တိုင်းဒေသကြီး(စည်ပင်အတွင်း)စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ တို့က ဂုဏ်ပြုအမှာစကားများပြောကြားသည်။ ထို့နောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁- ၂၀၂၂ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် (၄)ဘာသာဂုဏ်ထူးရှင် ၂၇ ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် ၃၂ ဦး၊ ဘက်စုံထူးချွန်လူငယ်ဆုရရှိသူ ၃ ဦးနှင့် တက္ကသိုလ်ပညာသင်ဆု ရရှိသူ ၁၁ ဦးတို့ကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ် ချီးမြှင့်ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။
ဆုချီးမြှင့်ပွဲအပြီးတွင် ဆုရကျောင်းသား၊ ကျောင်းသူများအား လက်ဘက်ရည် ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။