၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေး ပွဲများတွင် ရခိုင်ပြည်နယ်အတွင်း မြို့နယ်အသီးသီးမှ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပွဲပြုလုပ်

၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေး ပွဲများတွင် ရခိုင်ပြည်နယ်အတွင်း မြို့နယ်အသီးသီးမှ ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပွဲပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၂၁

၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေး ပွဲများတွင် ရခိုင်ပြည်နယ်အတွင်း မြို့နယ်အသီးသီးမှ ထူးချွန်စွာအောင်မြင်ခဲ့ကြသော သိပ္ပံ၊ ဝိပ္ပံ၊ ဝိဇ္ဇာဘာသာတွဲများတွင် အမှတ်အများဆုံးရရှိခဲ့သည့် ကျောင်းသား၊ ကျောင်း သူများနှင့် ၆ ဘာသာဂုဏ်ထူးရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြု ဆုပေးအပ်ချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ ဦးဉတ္တမခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့်အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက် ကြသည်။
ဦးစွာ စစ်တွေမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက “ မြန်မာ့ကျောင်း” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁-၂၀၂၂ ပညာသင် နှစ် တက္ကသိုလ်ဝင်စာမေးပွဲများတွင် သိပ္ပံဘာသာတွဲ၌ အမှတ်အများဆုံးရရှိသူ ၁၉ ဦး၊ ဝိပ္ပံဘာသာတွဲ၌ အမှတ်အများဆုံးရရှိသူ ၁၂ ဦး၊ ဝိဇ္ဇာဘာသာတွဲ၌ အမှတ်အများဆုံးရရှိ သူ ၉ ဦး၊ ၆ ဘာသာဂုဏ်ထူးရှင် ၅၄ ဦးနှင့် ပြည်နယ်အတွင်း အောင်ချက်အကောင်း ဆုံးမြို့နယ်များဖြစ်သည့် မင်းပြား၊ စစ်တွေ၊ မြောက်ဦး၊ တောင်ကုတ်နှင့် သံတွဲမြို့နယ် တို့မှ မြို့နယ်ပညာရေးမှူး ၅ ဦးတို့အား ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုငွေသားဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ကြရာ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ရခိုင်ပြည်နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ ဝင် ရောက်ဖြေဆိုသူ ၄၅၁၆၃ ဦးအနက် အောင်မြင်သူ ၁၂၃၁၄ ဦး အောင်မြင်ခဲ့ကာ အောင်ချက်ရာခိုင်နှုန်း ၂၇ ဒသမ ၂၇ ရာခိုင်နှုန်းရှိခဲ့ပြီး တစ်နိုင်ငံလုံးအဆင့် ၁၅ ရရှိ၍ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုသူ ၄၁၇၅၃ ဦးဖြင့် တစ်နိုင်ငံလုံးဝင်ရောက်ဖြေဆိုသူ အများဆုံးပြည်နယ်တစ်ခုဖြစ်ကာ အောင်မြင် သူ ဦးရေ ၁၉၇၂၉ ဦးရှိခဲ့ကာ အောက်ချက်ရာခိုင်နှုန်း ၄၇ ဒသမ ၂၅ ဖြင့် တစ်နိုင်ငံလုံး အဆင့် ၄ ရရှိခဲ့ကြောင်း သတင်းရရှိသည်။