၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ စုပေါင်းလမ်းလျှောက်ပွဲများ ပြုလုပ်

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ စုပေါင်းလမ်းလျှောက်ပွဲများ ပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၂၆

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၌ ပြုလုပ်ကြရာ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ ပါဝင်ဆင်နွှဲကြသည်။
ဦးစွာ တိုင်းမှူးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက သတ်မှတ်နေရာ များ၌ စုပေါင်းလမ်းလျှောက်ခြင်းများ ပြုလုပ်ကြသည်။ ထိုနောက် စုရပ်နေရာများ၌ စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။