၂၀၂၁-၂၀၂၂ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ သည့် နေပြည်တော်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

၂၀၂၁-၂၀၂၂ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ သည့် နေပြည်တော်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

နေပြည်တော်၊ ဇူလိုင် - ၂၄

၂၀၂၁-၂၀၂၂ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် နေပြည်တော်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့ များရှိ ကျောင်းသား၊ ကျောင်းသူများနှင့် စစ်သည်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ ဆုရစစ်သည်များ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် ၂၀၂၁-၂၀၂၂ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် (၆)ဘာသာဂုဏ်ထူးရရှိသူ ၂ ဦး၊ (၅) ဘာသာဂုဏ်ထူးရရှိသူ ၇ ဦး၊ (၄)ဘာသာ ဂုဏ်ထူးရရှိသူ ၉ ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ ၂၅ ဦး၊ (၂)ဘာသာဂုဏ်ထူးရရှိသူ ၃၂ ဦး၊ (၁)ဘာသာဂုဏ်ထူးရရှိသူ ၁၁၁ ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင် စစ်သည် ၄ ဦးတို့ကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများနှင့် စစ်သည်များက လက်ခံရယူကြပြီး အမှတ်တရစုပေါင်း ဓာတ်ပုံရိုက် ခဲ့ကြကြောင်း သတင်းရရှိသည်။