၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ပညာသင်ချီးမြှင့်ငွေ၊ စာရေး ကိရိယာနှင့် ကျောင်းဝတ်စုံများပေးအပ်

နေပြည်တော်၊ ဇူလိုင် - ၆
    
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ပညာသင်ချီးမြှင့်ငွေ၊ စာရေး ကိရိယာနှင့် ကျောင်းဝတ်စုံများ ပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် တိုင်းစစ် ဌာနချုပ်၊ အောင်ဇေယျခန်းမ၌ ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်ဇော်နိုင် နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
    
ဦးစွာ ဒုတိယတိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများ အားပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူ များက လက်ခံရယူကြသည်။
    
အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များတွင် လည်း ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ချီးမြှင့်ငွေ၊ စာရေးကိရိယာ နှင့် ကျောင်းဝတ်စုံများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။