၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်

၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဇန်နဝါရီ - ၂၈

၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်း သူများအား ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အောင်ငြိမ်အေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကျောင်း သား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန် ရှိသူများက တိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူ ၃၇၃ ဦးအတွက် ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။