၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ အခမ်းအနားနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ခဲတံ၊ ဘောပင်၊ COVID-19 အထောက်အကူပြုပစ္စည်းများ ပေးအပ်ပွဲပြုလုပ်

နေပြည်တော်၊ မေ - ၃၀
    
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ ဦးရဲမြင့်၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် အဖွဲ့ဝင်များ၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်လှိုင်နှင့် ပညာရေးဝန်ထမ်း များ၊ စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ကျောင်းသား/ ကျောင်းသူများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။
    
ဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ များက “မြန်မာ့ကျောင်း” သီချင်းဖြင့် အခမ်းအနားအား သီဆိုဂုဏ်ပြုဖွင့်လှစ်ပြီး ဧရာဝတီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ က အဖွင့်အမှာစကားပြောကြားသည်။
    
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် က ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဧရာဝတီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ က ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့သော COVID-19 ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် Mask ၊ Face  Shield နှင့် Hand Gel များအား ပေးအပ်ရာ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၏ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။ 
    
ဆက်လက်၍ တိုင်းမှူး က အခြေခံပညာကျောင်းသုံးပုံနှိပ်စာအုပ်များအား ပေးအပ်ရာ ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းဦးက လည်းကောင်း၊ ဒုတိယညွှန်ကြားရေး မှူးချုပ် က ကျောင်းသုံးဗလာစာအုပ်များနှင့် ခဲတံများအား ပေးအပ်ရာ ကျောင်းသား/ ကျောင်းသူများကိုယ်စား ကျောင်းသား/ကျောင်းသူ တစ်ဦးစီက လည်းကောင်း အသီးသီး လက်ခံရယူကြသည်။
    
၎င်းနောက် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် သီဆိုဂုဏ်ပြုနှုတ်ဆက်ပြီး ဧရာဝတီတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ခန်းမအတွင်း ပြသထားသော ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ကျောင်းအပ်နှံရေးနေ့ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများကို လှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။