၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် ကျောင်းသုံးပစ္စည်းကိရိယာများ ထောက်ပံ့ပေးအပ်

နေပြည်တော်၊ ဇွန် - ၂

၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် ကျောင်းသုံးပစ္စည်းကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းရန်အောင်ခန်းမ၌ ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက အမှာစကားပြောကြားသည်။ ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ ၂၉၃ စုံ၊ ဗလာစာအုပ် ၃၃၆ ဒါဇင်၊ ဘောပင် ၁၄၄၂ ချောင်း၊ ခဲတံ ၄၅ ဒါဇင်၊ ပေတံ ၂၇၃ ချောင်း၊ ခဲဖျက် ၅၉၇ ခု၊ ကွန်ပါဘူး ၇၆ ဘူး၊ ချွန်စက် ၉ ခု၊ ကျောပိုးအိတ် ၆ လုံး၊ မိုးကာ ၂၉ ထည်နှင့် ထီး ၇၃ ချောင်းတို့ကို တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။