၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ကချင်ပြည်နယ် ကိုယ်စားပြု အမျိုးသားပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုကြိုဆို

၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ကချင်ပြည်နယ် ကိုယ်စားပြု အမျိုးသားပိုက်ကျော်ခြင်းအသင်းအား ဂုဏ်ပြုကြိုဆို

နေပြည်တော်၊ ဇူလိုင် - ၁၆

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်း အမျိုးသားနှစ်ယောက်တွဲအသင်း ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ကချင်ပြည်နယ် ကိုယ်စားပြု အမျိုးသားပိုက်ကျော်ခြင်းအသင်းအား ယနေ့နေ့လယ်ပိုင်းတွင် မြစ်ကြီးနားမြို့လေဆိပ်၌ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ဒေသခံတိုင်းရင်းသားများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၅ သင်းနှင့် အမျိုးသမီး အသင်း ၁၃ သင်းတို့ဖြင့် ဇူလိုင် ၅ ရက်နေ့မှ ၁၅ ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။