၂၀၂၂ ခုနှစ်၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းမှ အောင်ပွဲရအားကစား သမားများနှင့် နည်းပြများအား ကြိုဆိုဂုဏ်ပြုချီးမြှင့်

၂၀၂၂ ခုနှစ်၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းမှ အောင်ပွဲရအားကစား သမားများနှင့် နည်းပြများအား ကြိုဆိုဂုဏ်ပြုချီးမြှင့်

နေပြည်တော်၊ ဇွန် - ၉

၂၀၂၂ ခုနှစ်၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် မန္တလေးတိုင်းဒေသကြီးအတွင်းမှ အောင်ပွဲရအားကစား သမားများနှင့် နည်းပြများအား ကြိုဆိုဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ မြို့တော် ခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဖိတ်ကြားထားသူများ၊ အားကစားဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ အောင်ပွဲရအားကစားသမား များနှင့် နည်းပြများတက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မန္တလေးမြို့၊ ဗထူးအားကစားကွင်းမှ မြို့တော်ခန်းမသို့ ချီတက်လာသည့် နိုင်ငံ့ကိုယ်စားပြု အားကစားသမားများအား ဂုဏ်ပြုပန်းကုံးများဖြင့် ကြိုဆိုကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အောင်ပွဲရအားကစား သမားများနှင့် နည်းပြများအား ဂုဏ်ပြုချီးမြှင့်ငွေများအသီးသီးပေးအပ်ကြီးမြှင့်ကြရာ အားကစားသမားများကိုယ်စား ရွှေတံဆိပ်ဆုရှင်အားကစားသမားတစ်ဦးက ကျေး ဇူးတင်စကားပြန်လည်ပြောကြားသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အောင်ပွဲရအားကစားသမားများ၊ နည်းပြများနှင့်အတူ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်ပွဲရ အားကစားသမား ၃၃ ဦး၊ နည်းပြ ၆ ဦး စုစုပေါင်း ၃၉ ဦးသည် အားကစားနည်း ၁၇ မျိုး ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အားကစားနည်းအလိုက် ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၄ ခု၊ ကြေးတံဆိပ် ၃ ခု စုစုပေါင်း ၁၁ ခုရရှိခဲ့ကြောင်းနှင့် အောင်ပွဲရအားကစားသမားများနှင့် နည်းပြများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၈၉ သိန်း ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။