၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက်(အမျိုးသမီး) ဘောလုံး ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြု ဆုချီးမြှင့်

၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက်(အမျိုးသမီး) ဘောလုံး ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြု ဆုချီးမြှင့်

နေပြည်တော်၊ ဇန်နဝါရီ - ၂၄

၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက်(အမျိုးသမီး) ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ရခိုင်ပြည်နယ် အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ ၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင် များနှင့် အောင်ပွဲရ အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး ဘောလုံးအသင်း အဖွဲ့ခေါင်းဆောင် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး က ပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်နယ်အစိုးရအဖွဲ့နှင့် တိုင်းစစ်ဌာနချုပ်တို့မှ အောင်ပွဲရအားကစားသမားများအတွက် ပေးအပ်သည့် ဂုဏ်ပြု ချီးမြှင့်ငွေများကို ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တိုင်းမှူးတို့က ပြည်နယ်ဝန်ကြီးချုပ်ထံသို့ လည်းကောင်း၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ရခိုင်ယူနိုက်တက်အသင်းတို့မှ ပေးအပ်သည့် ဂုဏ်ပြုချီးမြှင့်ငွေများကို တာဝန်ရှိသူများက ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများထံသို့ လည်းကောင်း အသီးသီးပေး အပ်ကြသည်။ ယင်းနောက် အားကစားသမားများကိုယ်စား အားကစားသမားတစ်ဦးက ကျေးဇူးတင်စကားပြန် လည်ပြောကြားသည်။
ရခိုင်ပြည်နယ်ဂုဏ်ဆောင် အမျိုးသမီးဘောလုံးအသင်းအတွက် ပြည်နယ်အစိုးရ အဖွဲ့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ရခိုင်ယူနိုက်တက်အသင်းတို့က ချီးမြှင့်ငွေစုစုပေါင်း ငွေကျပ် ၄၃၃ သိန်းကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။